ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ မီးတိုက်ကျေးရွာ၊ သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင်း အိမ်မွေးတိရစ္ဆန်များနှင့် စားနပ်ရိက္ခာများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

တောင်ပြိုလက်ဝဲမြို့   ဇူလိုင်  ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ မီးတိုက်ကျေးရွာ၊ သင်္ဘောလှကျေး ရွာနှင့်သာယာကုန်းကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင်း အိမ်မွေးတိရစ္ဆန်များနှင့် စားနပ်ရိက္ခာများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့နံနက်ပိုင်းမှစတင်၍ မဆက်မပြတ်မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများပြည့်လျှံလာပြီး မီးတိုက်ကျေးရွာ၊ သင်္ဘောလှကျေးရွာနှင့် သာယာကုန်း ကျေးရွာရှိ အိမ်ခြေ ၂၀၀ ဝန်းကျင်ခန့် ရေများဝင်ရောက်နစ်မြုတ်သွားသဖြင့် စားနပ်ရိက္ခာဆန်၊ စပါးများ ရေစိုခြင်း၊ စျေးဆိုင်ခန်း ၂၀ ခန့်၊ အိမ်မွေးတိရစ္ဆန်များဖြစ်သည့် ကြက်ကောင်ရေ ၇၀၀ ခန့်၊ ဝက် ၂၀ ကောင်ခန့်၊ ဆိတ် ၅၀ကောင်ခန့်၊ နွား ၁၅ ကောင်ခန့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရေနစ်မြုတ်သည့် အိမ်ခြေရှိမိသားစုများအား နီးစပ်ရာနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)