ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဝါးခယ်မ  ဩဂုတ် ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းသောင် ကျေးရွာတွင် ယနေ့နံနက် (၉:၃၀)အချိန်ကဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာတွင်ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အရှည်(၉၅)ပေ၊ အကျယ်(၅၀)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော နေအိမ်(၂)လုံးမှ မိသားစုဝင်များအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့်ရွာသားများက ၎င်းတို့၏ ဆွေမျိုးများနှင့်ဥယျာဉ်များအတွင်းသို့ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရသည်။

ဟင်္သာဒုံးကျေးရွာအုပ်စုတွင် ဟင်္သာဒုံး၊ ကံစု၊ ငှက်စု၊ ကုလားကျွန်း၊ ကူးတို့ဆိပ်သောင်၊ ကုလားကျွန်းသောင်၊ အရှေ့သောင်တန်း စသည့်ကျေးရွာ(၇)ရွာရှိကြောင်း၊ ကျေးရွာ အုပ်စုအတွင်း အိမ်ခြေ(၁၂၃၄)လုံး၊ အိမ်ထောင်စု (၁၂၄၉)စု၊ လူဦးရေ ကျား(၂၅၃၄)ဦး၊ မ(၂၆၆၁)ဦး၊ ပေါင်း(၅၁၉၅)ဦး နေထိုင်ပြီးကု လားကျွန်းသောင်ကျေးရွာတွင် အိမ်ခြေ(၁၀၃)လုံး၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ ကျား (၄၁၈)ဦး၊ မ(၄၅၈)ဦး၊ ပေါင်း(၈၇၆)ဦး နေထိုင်ကြောင်းနှင့် ဟင်္သာဒုံကျေးရွာအုပ်စုသည် ဧရာဝတီမြစ် ကမ်းပါးအနီးတွင်တည်ရှိသောကြောင့် အလားတူမြစ်ကမ်းပါး ပြိုကျမှု များဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

စောသန္တာဦး