မိုင်းဖြတ်မြို့၌ မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ မော်​တော်ယာဉ်(၁)စီး​ ပေး အပ်လှူဒါန်း

မိုင်းဖြတ်၊ ဩဂုတ် ၁၀

ရှမ်းပြည်နယ်(ရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ ​​ မော်တော်ယာဉ်တစ်စီးပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါ အသင်း ရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အလှူရှင်ဦးစိုင်းစိန်ခမ်းနွဲ့က လူမှုကူညီရေးအသင်းသို့မော်တော်ယာဥ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များဖြစ်ကြသည့် ဈေးတန်း ရပ်ကွက်နေ ဦးစိုင်းစိန်ခမ်းနွဲ့၊ ဒေါ်ပြည့်ပြည့်ဟိန်းမိသားစု(Picturesque Myanmar Co.Ltd)မှ မိုင်းဖြတ် လူမှုကူညီရေး အသင်းသို့ ကာလတန်ဘိုး ကျပ်သိန်း(၅၀)တန်ဖိုးရှိ Alphard အမျိုးအစား (ခဲရောင်-မှန်လုံယာဉ်)​ကိုပေးအပ်လှူဒါန်းပြီး အသင်းဥက္ကဋ္ဌ ဦးစိုင်းဆေးနော်က ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ကာ အသင်း နာယက ဦးစိုင်းကျောက်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

မိုင်းဖြတ်လူမှုကူညီရေးအသင်းကို ၂၀၁၂ခုနှစ်မှစ၍ စတင်ဖွဲ့စည်းခဲ့ပြီး လူမှုရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ခဲ့ကြောင်းသိရသည်။ လူမှုရေးလုပ်ငန်းများအတွက် ဆက်သွယ်အကူညီတောင်းခံလိုပါက ဥက္ကဋ္ဌ ဦးစိုင်းဆေးနော် ဖုန်း၊ ၀၉၄၂၈၂၂၇၆၄၆သို့လည်းကောင်း၊သန်းဇော်ဦး ဖုန်း၊ ၄၅၁၉၄၄၉၃၆သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သန်းထွန်းအေး