လင်းခေး ဩဂုတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ပျံ့နှံ့မှု ဆက်လက် ပြန့်ပွားလျက်ရှိသောကြောင့် လင်းခေးမြို့ တောင်ရွာရပ်ကွက်နှင့် ဝမ်လွိုင်ရပ်ကွက်နှစ်ရပ်ကွက်အား ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့မှ စတင်ပြီး Simi-Lock down ချမှတ် ဆောင်ရွက်ထားရှိကြောင်း၊ အဆိုပါရပ်ကွက်အတွင်းရှိအိမ်ထောင်စု ၇၆ စုအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးကော်မတီ မတီက တစ်အိမ်ထောင်လျှင် ကြက်ဥ (၁၀)လုံး၊ ကြက်သွန်နီ တစ်ပိဿာစီ လှူဒါန်း ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဩဂုတ်လ(၁၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၁၄)ရက်တိတိ Simi-Lock downထားရှိပြီး အဆိုပါ အိမ်ထောင်စုဝင်များအား မည်သူမဆိုတတ်နိုင်သမျှထောက်ပံ့လှူဒါန်းနိုင်ကြပါရန် နှိုးဆော်ထားကြောင်း သိရှိရသည်။
လင်းခေး -ခရိုင်(ပြန်/ဆက်)