မန္တလေးတိုင်းဒေသကြီးအဆင့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရူံးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

လားရှိုးမြို့တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်းစာစောင်များ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်ရုံးမှ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ အများပြည်သူဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။

(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း အခမဲ့ဖြန့်ဝေခဲ့သည်။

မချမ်းဘောမြို့၌ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့

မချမ်းဘောမြို့ရှိ သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ပူတာအိုခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မချမ်းဘောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့ကြသည်။ 

မြစ်သားမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်ကြိုဆိုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား  ချစ်ကြည်ရေး အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို မတ် ၂၅ ရက် ညနေ ၄ နာရီအချိန်က ရွှေသူဌေးရပ်ကွက်အတွင်းရှိ BOB မိုးလုံလေလုံအားကစားကွင်းခန်းမ၌ ကျင်းပခဲ့သည်။

လဲချားမြို့၌ (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "သတင်းစကား" အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက မြို့မစျေးနှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့သည်။

မိုင်းခတ်မြို့နယ်၌ (၈၁)နှစ်ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ မြို့မဈေးနှင့်လူစည်ကားရာနေရာများသို့ ယနေ့နံနက် ၈ နာရီအချိန်က ဖြန့်ဝေခဲ့သည်။

သန်လျင်မြို့နယ်၌ တိုးချဲ့ကာကွယ်ဆေးထိုးမည့်အစီအစဉ်များ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၌ (EPI) Expanded Programme on Immunization (တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်) များ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

သရက်မြို့၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများ အားအခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉)နာရီက ခရိုင် ပြည်သူ့ဆေးရုံ အောက်ထပ်၌ ဆောင်ရွက်ပေးခဲ့သည်။

မင်းဘူးမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်တွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေးကြီးနှင့် လူနေရပ်ကွက်များသို့ သွားရောက်၍ ပြည်သူများအား (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
Subscribe to