ပဲခူးမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၄

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။ ဆက်လက်ပြီး ခရိုင်ဦးစီးမှူးက ပြည်ထောင်စုနေ့အကြောင်း ခေါင်းစဉ်ဖြင့် ဟောပြောပြီး ဉာဏ်စမ်းပြိုင်ပွဲ များကို ပြုလုပ်ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက ဆုများပေးအပ်ပြီး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကာ အမှတ်တရလက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့တွင်းကြီး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးနှင့် ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)