အောင်လံ ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို မြို့နယ်ဥပဒေအရာရှိ ဦးကျော်မင်းထက်နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက အွန်လိုင်းမှ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦး ကျော်မင်းထက်မှ ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ ၏ အသက်အရွယ်၊ ကလေးအလုပ်သမားပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား၏ အလုပ်ချိန် ကန့်သတ်ချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာမူများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ စသည့်အချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်အွန်လိုင်းမှ အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)