မွန်ပြည်နယ်ဝန်ကြီးချုပ် ​​ခေါင်း​ဆေးကျွန်း​စေတီတော်မြတ်ကြီး ပြုပြင်တည်ဆောက်မှုကြည့်ရှုခြင်း နှင့် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းစည်း​ဝေးတက်ရောက်

မော်လမြိုင် ​ဖေ​ဖော်ဝါရီ ၁၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊  ခေါင်း​ဆေးကျွန်း​   စေတီ​​​တော်မြတ်ကြီး ဖူး​မျှော်ကြည်ညို၍  ဆရာ​တော်ကြီးအား  လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး  စေတီ​တော်၊ပရဝုဏ်နှင့် ရင်ပြင်​တော် ပြုပြင် တည်​ဆောက်​နေမှုတို့ကို ကြည့်ရှုခဲ့သည်။ 

ထို့နောက ်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်း​အဝေး တက်ရောက်သည်။

အစည်း​အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကိုဗစ်​-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာ​သော်လည်း မ​ပေါ့ဆကြ​စေလို​ကြောင်း၊ ​​ကျန်းမာ​ရေး၀န်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ  ​လိုက်နာဆောင်ရွက်​ကြစေလိုကြောင်း၊ အ​ခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ​ကျောင်းသား၊​ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအပေါ်  စီမံချက်ချ၍ ကြပ်မတ်ဆောင်ရွက် ကြ​စေလို​ကြောင်း၊ ကျန်းမာ​ရေး အသိပညာ​ပေးလုပ်ငန်းကိုလည်း ထိထိ​ရောက်​ရောက် ​ဆောင်ရွက်​ပေးကြရန်​လမ်းညွှန်မှာကြား သည်။ ဆက်လက်၍ တက်​ရောက်ကြသူများက လုပ်ငန်းဆောင်ရွက်ထား ရှိမှုအ​ခြေအ​နေ တင်ပြ​ဆွေး​နွေးမှုအပေါ်   ပြည်နယ် ဝန်ကြီးချုပ်က    တာဝန်ရှိသူများအား လမ်းညွှန် မှာကြားပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ​​​ဆောင်ရွက်ပေး​သည်။

မွန်ပြည်နယ်အ​နေဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေးBooster Dose အား(တတိယအကြိမ်) ထပ်ဆောင်း ထိုးနှံမှုကို မော်လမြိုင်မြို့နယ် အပါအဝင် သက်ဆိုင်ရာ မြို့နယ်များအလိုက် သတ်မှတ် နေရာများတွင် ​ဖေ​ဖော်ဝါရီလဆန်းမှ ဆက်လက်ထိုးနှံ​​ပေး​နေပြီးဖြစ်​ကြောင်း၊ ကာကွယ်​ဆေးထိုးနှံနိုင်​ရန် ကျန်းမာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ ​​စေတနာ့ ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)