ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းဖြန့်ဝေခြင်း (Mask Campaigm) နှင့် အသိပညာပေးလုပ်ငန်းများ သံတွဲ၌ဆောင်ရွက်

သံတွဲ    ဖေဖော်ဝါရီ  ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှုမဖြစ် ပွားစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ယနေ့နံနက် ၈နာရီက အမှတ်() ရပ်ကွက် ယာယီပျံကျဈေးရှေ့တွင် ပါးစပ်၊ နှာခေါင်းစည်း ဖြန့်ဝေခြင်း (Mask Campaigm) နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆောင်ရွက်ရာတွင် ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်းများကို ဖြန့်ဝေ ပေးကြပြီး   ကိုဗစ်-၁၉  ရောဂါသည်  ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ကူးစက် ပြန့်ပွားလျက်ရှိရာ မိဘပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ  နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်း မပြုရန်၊  အပြင်ထွက်ပါက ပါးစပ်၊ နှားခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (mask) မတပ်ဆင်ထားသော သူများနှင့်တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာတိုင်း နှာခေါင်းစည်း (mask)များကို စနစ်တကျစွန့်ပစ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် စသည့်အသိပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပါးစပ်၊ နှာခေါင်းစည်း ဖြန့်ဝေခြင်း  (Mask Campaigm) နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ ဦးမောင်သာစိန်နှင့် ကော်မတီဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)