လေးမျက်နှာ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် ယနေ့ နံနက် ၇ နာရီအချိန်၌ လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaignနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်း များ ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လေးမျက်နှာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းကာ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ရောဂါ မျိုးကွဲ သစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရေး Mask Campain ပြုလုပ်ခဲ့ သည်။
ကျော်ဟိန်း(ပြန်/ဆက်)