သာယာဝတီမြို့နယ်၌ ရေဆင်းပေါ်ဆန်းစပါး တစ်ကွင်းတစ်စပ်တည်းဧက(၁၀၀) စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

သာယာဝတီ နိုဝင်ဘာ ၂၅

သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချောင်းသုံးခွကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၉၈) ရှင်းလင်းဆောင်တွင် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းတို့မှ တစ်ကွင်းတစ်စပ်တည်း ရေဆင်းပေါ်ဆန်း စပါးဧက(၁၀၀)စိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံ၍ ယခုစိုက်ပျိုးမည့်နွေစပါးတွင် Export Zone ဆောင်ရွက်မည့်အခြေအနေများနှင့် ရေဆင်းပေါ်ဆန်းစပါး ပန်းတိုင်အထွက်နှုန်းရရှိအောင် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် အခြေအနေနှင့် စျေးကောင်းရရှိသည့်အခြေ အနေများ ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများမှ တင်ပြလာသောအခက်အခဲများအား ချက်ချင်းဖြည့်ဆည်းပေးပြီး အမြန်အကောင် အထည်ဖော် စိုက်ပျိုးထုတ်လုပ်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဝတီ