ကလော နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတေဇခန်းမ၌ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်စိုးလွင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝေဇင်က မီးဘေးအန္တရာယ် ကြိုတင်ကားကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်သည့် အကြောင်းအရင်းများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြပြီး သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံမဂ္ဂဇင်းစာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)