သထုံမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးအရေးယူမှုဆောင်ရွက်

သထုံ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အဝေးပြေးလမ်းမပေါ် သွားလာနေကြသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီး အရေးယူခြင်းကို ယမန်နေ့၊ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ သထုံမြို့၊ အောက်ကျင်း ရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီး ဌာနမှူးရုံးရှေ့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်၌ ပြုလုပ်ခဲ့ကြသည်။

စစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၄၀)ဦးခန့်ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုင်စင်မဲ့ ဘေးတွဲမော်တော်ဆိုင်ကယ်(၅)စီးအား ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိသည့် ယာဉ်များအား သထုံမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဦး