ဗန်းမော် ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ ကုက္ကိုတောဈေး၌ ဈေးရောင်း၊ ဈေးဝယ် နေကြသည့် ပြည်သူများနှင့် လမ်းသွားလမ်းလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)အခုရေ ၂ဝဝဝ ကို ဈေးရောင်း၊ ဈေးဝယ် သွားလာနေသည့် ပြည်သူများနှင့် လမ်းသွား လမ်းလာနေသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron)ကြိုတင် ကာကွယ်ရန် လိုက်နာရမည့် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)