ဆီဆိုင်မြို့အဝင်ဂိတ်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

ဆီဆိုင် မတ် ၁

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်)သည် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် ဝင်ရောက် လာသူများမှတဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်ဂိတ်၌ ဝင်/ထွက် သွားလာသော မိဘပြည်သူများအား  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်းမပါလာသူများအား နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆီဆိုင်မြို့အဝင်ဂိတ်တွင် ဝင်/ထွက် သွားလာသော မိဘပြည်သူများအား လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ကို ဆေးကြောပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျမှတ်တမ်းကောက်ယူခြင်း၊ နှာခေါင်းစည်းမပါသော မိဘပြည်သူများအား နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်)ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်  ညွှန်ကြားချက်များကို လိုက်နာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)