နတ်မောက်၌ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချပြီး မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိ

နတ်မောက်     မတ်  

နတ်မောက်မြို့ရှိ မြို့မရပ်ကွက်၌ ရာသီအလိုက် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချပြီး မိသားစုအတွက် နေ့စဉ်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ကျွန်တော်က အခုနှစ်မှ ဘူးပင်တွေကိုစတင်ပြီးစိုက်တာပါ၊ ဘူးစေ့ကတော့ဗူးနဲ့ ဝယ်ရပါတယ်၊ တစ်ဗူးကို (၇၅၀၀) ကျပ် ပေးရပါတယ်၊ မြေဆွေးနဲ့နွားချေးရောကာ ဘောင်တင်ပြီးတော့ အနက် လက်မခန့် တူးကာ ဘူးစေ့တွေကိုမြေကြီးထဲထည့်၍ တစ်နေ့ကို ရေနှစ်ကြိမ်လောင်းပေးရပါတယ်၊ တစ်လကျော် နှစ်လလောက်ရှိတော့ ဘူးပင်တွေရဲ့အညွန့်တွေ လှိုင်လှိုင်ပေါလာတော့ ကျွန်တော်တို့ စိုက်ခင်းထဲအထိ ဘူးညွန့်တွေ လာဝယ်ပါတယ်၊ ဘူးညွန့် (၆၀) ညွန့်တစ်စည်းကို ငွေ(၁၀၀၀)ကျပ်နှုန်း ရောင်းရပါတယ်၊  တစ်နေ့ကို ဘူးညွန့်ရောင်းရငွေ (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ ရတာကြောင့် ကျွန်တော်တို့ အတွက် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်ဟု ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူ ဦးကျော်စိုးက ပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း