အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက် သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက်သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ခေါင်းရမ်းကျေးရွာအုပ်စု၊ ခေါင်းရမ်းကျေးရွာ(တောင်ပိုင်း)ရှိ သိမ် ကုန်းဘုန်းတော်ကြီးကျောင်းနှင့် မွန်းလွဲပိုင်းက ဝဲဒေါင့်ကျေးရွာအုပ်စု၊ ထန်းကုန်းဘုန်းတော်ကြီးကျောင်းဝန်းတို့၌ ကျင်းပပြုလုပ်ခဲ့ သည်။

ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်နေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်‌မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းအား လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမတွင် နိုဝင်ဘာ ၂၄ မှစတင်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် နေပြည်တော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးတိုးဝင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးသည်။

ရေတာရှည်မြို့နယ်တွင် ဌာနဆိုင်ရာများအား ကော်ဖီပျိုးပင်များ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီး ဌာနမှ ကော်ဖီပျိုးပင်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မှော်ဘီမြို့နယ် နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ

၂၀၂၅ - ၂၀၂၆ ခုနှစ် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ၊ ပျားပုံးများ ပေးအပ်ခြင်းနှင့်နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ကျင်းပသည်။

အုတ်ဖိုမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ပေါင်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ ၂၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ အမှတ်(၁)အခြေခံပညာထက်တန်းကျောင်းရှိ အောင်ရာဇာခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် ခရိုင်ကော်မရှင်အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံဌေး၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးဇော်ထက်နှင့်(နည်းပြ) မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များ၊ သင်တန်းသားဆရာ/ဆရာမများ စုစုပေါင်း ၂၃၀ ဦးခန့်တက်ရောက်ခဲ့ကြသည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ဘွဲ့ကြို၊ဘွဲ့လွန် သင်တန်းများ စတင်သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ အနီးရှိ နည်းပညာတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာလ ၂၄ ရက်နေ့ မှစတင်ကာ ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေးကော်မတီလုပ်ငန်းညှိနှိုင်း

မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အတ္ထရံခန်းမ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အနွေးဝတ်စုံများချီးမြှင့်ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများသက်သာချောင်ချိရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာထမ်းဆောင်နိုင်ရေး  အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အနွေးဝတ်စုံများချီးမြှင့်ပေးအပ်သည်။
Subscribe to