ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုမှာကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူး၊ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ဖယ်ခုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပုဇွန်တောင်စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်‌တွေ့သရုပ်ပြ

ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးတားဆီးကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ အသိပညာကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ ပုဇွန်တောင်စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာ‌ပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များမဲပေးရာတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေငြာခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများ ကို နိုဝင်ဘာလ ၂၁ နံနက်မှ စတင်ကပ်ထား ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း လှိုင်းဘွဲမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းနှင့် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် လှိုင်းဘွဲမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ လှိုင်းဘွဲမြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တောင်ကြီးမြို့ ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ နိုဝင်ဘာ၂၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှမ်း ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ စောင့်ကြည့်စိစစ်အကဲဖြတ်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ(၈)ရပ်မှ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က (၅) ကျောင်းအား တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျုံပျော်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် UID ကောက်ယူ ရေးကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသူများအား ကျုံပျော်မြို့ ဧရာမင်းခန်းမအတွင်း၌  မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) နှင့် UID ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ယမန်နေ့နေ့လယ်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။

ပူတာအိုမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၂၄ နာရီ Help Line ဝန်ဆောင်မှု (၁၅၆၆)ဆိုင်းဘုတ် စိုက်ထူ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့် ၂၄ နာရီ Help Line ဝန်ဆောင်မှု(၁၅၆၆) ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို နိုဝင်ဘာ(၂၅) ရက် နံနက်(၉) နာရီခွဲက ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ မြို့မဈေးရှေ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လမ်းဆုံ၌ ကျင်းပသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၏ (၂၀၂၅-၂၀၂၆) ခုနှစ်အတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များအား လက်ခံတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း (MTM) ၏ (၂၀၂၅-၂၀၂၆) ခုနှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များအား တွေ့ဆုံသည်။

သာစည်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနေမှုအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန် ကြည့်ရှုစစ်ဆေး

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာထားရှိရာ အဆိုပါကပ်ထားကြေညာထားရှိသည့် အမှတ်(၁)ရပ်ကွက် ချမ်းသာကြီးဓမ္မာရုံသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  
Subscribe to