ကျွန်းလှမြို့နယ်တွင် ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင်စိုက်ပျိုးသော ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဒဂုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား Spot Check အဖွဲ့ဖြင့် လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအား Spot Check အဖွဲ့ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ ဆောင်းနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးမှုအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်း‌ကျေးရွာအုပ်စုအတွင်းရှိ ဆောင်းနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဖယ်ခုံမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး တွေ့ဆုံပွဲ တက်ရောက်

ရှမ်းပြည်နယ်(တောင်းပိုင်း) ဖယ်ခုံမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ယမန်‌နေ့ နံနက် ၁၀ နာရီတွင် ဖယ်ခုံမြို့ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ သန့်ရှင်းစိမ်းလန်းစိုပြည်ကျောင်းများအား Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေး စိစစ်ဆောင်ရွက်

သန့်ရှင်း၍စိမ်းလန်းစိုပြည်ကျောင်းများအား Clean and Green Schools Award ဆုချီးမြှင့်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာကျောင်းသုံး‌ကျောင်းသို့ ခရိုင်၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆုရွေးချယ်ရေးကော်မတီအဖွဲ့များက ယမန်နေ့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ (MEVM) မဲပေးစက် ကိုင်တွယ်အသုံးပြု၍ လက်တွေ့သရုပ်​ပြစမ်းသပ်ဆန္ဒမဲပေးခြင်းအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်​ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ တပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ (MCCT)ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကာယပြိုင်ပွဲနှင့် ဉာဏပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍သော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မရမ်းကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်  အမှတ်(၃)ရပ်ကွက်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှု မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမှတ်(၃)ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to