ပေါင်မြို့နယ်၌ မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်းဖွင့်လှစ်

ပေါင် နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ပေါင်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဂျူးနီတာဇော်က ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် ပေါင်မြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒု-မဲရုံမှူး စုစုပေါင်း (၁၈၀) ဦးတို့ တက်ရောက်ကြပြီး နည်းပြ (၄) ဦးတို့က မဲရုံမှူး၊ဒု- မဲရုံမှူးနှင့် ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်တို့ကို တစ်ရက်ကြာ ရှင်းလင်းပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရှင်းလင်းပို့ချနေမှုများကို အားပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)