စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆-ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာ သုံးစက်မောင်းဆီ)များ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာသုံးစက် မောင်းဆီ)များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြိုု့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းခွဲ၌  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

မန္တလေးမြို့တွင် တိုင်းဒေသကြီးအဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် MEVM မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းအသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်‌ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၆ ရက်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရေးအဖွဲ့ရုံးတို့တွင် ဆောင်ရွက်ခဲ့သည်။

အမရပူရမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုက်ကြီးမြို့နယ်၌ စာဖတ်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မူလွန်(မြို့မ ၆) ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊  မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ် ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။

မြိတ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်(ယို၊ ဖျော်ရည်နှင့်ဝိုင်) ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ စားသောက်ကုန် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်လျက်ရှိသည့် တန်ဖိုးမြင့်စားသောက်ကုန် (ယို၊ဖျော်ရည်နှင့်ဝိုင်)ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ယမန်နေ့ ညနေပိုင်းက သင်တန်းဆင်းပွဲ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှုသင်တန်း (ပထမ)အကြိမ် ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီူးဌာနနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိဒေါ်နွဲ့နွဲ့ခိုင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမှူးများ တက်ရောက်ခဲ့ကြသည်။
Subscribe to