ရွှေပြည်သာ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာန (Community Centre) ခန်းမ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ဉာဏ်စမ်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်မေမွန်ထွဋ်က တပ်မတော်နေ့နှင်ပတ်သက်၍ အသိပညာပေးဟောပြောကာ ကျောင်းသား/သူ (၂၅)ဦးတို့က ပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေထားသော (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်သား၊ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့သည်။
နေမျိုးထွန်း(ပြန်/ဆက်)