လဲချားမြို့နယ်တွင် မီးဘေးလုံခြုံရေး ဇတ်တိုက်လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ မီးဘေးလုံခြုံရေး ဇတ်တိုက်လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မဈေးအရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းသရုပ်ပြ မီးငြှိမ်းသတ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက ကလေးမြို့နယ်အတွင်းရှိ မြို့မဈေး၊ တာဟန်းဈေးနှင့် ပင်လုံဈေးတို့တွင် ကွင်းဆင်းသရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်များ၊ အသင်းအဖွဲ့များ စုပေါင်း၍ တပို့တွဲလပြည့်နေ့ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပသည်။

ပုသိမ်ကြီးတွင် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနမူလ အာဂုံစာပြန်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပထမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနမူလ အာဂုံစာပြန်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက သီရိမင်္ဂလာသရက်တောကျောင်းတိုက်ရှိ ရွှေရတနာဗိမာန်တာ်၌ ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ တိုင်းသံဃနာယက ဆရာတော် ဘဒ္ဒန္တဃောသိတ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ စာမေးပွဲကျင်းပရေး အဖွဲ့ ဥက္ကဋ္ဌ၊  ဆရာတော် ဘဒ္ဒန္တစန္ဒနသာရ နှင့်  ဖွဲ့ဝင် ဆရာတော်ကြီးများ ပရိယတ္တိသာသနမူလ အာဂုံစာပြန်ပွဲသို့ ကြွရောက်တော်မူကြသည်။

မန္တလေးတောင်‌ခြေရှိ ကျောက်တော်ကြီးဘုရားတွင် တပိုတွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ ပြုလုပ်

မြန်မာ့သနပ်ခါးချစ်သူများ စုပေါင်းကျင်းပသော တပိုတွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သနပ်ခါးတစ်တုံး အခမဲ့လက်ဆောင်ယူပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက် (တပိုတွဲလပြည့်) နေ့က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ ရွှေကျောင်းတော်ကြီးအနီး အရှေ့ဘက်မုဒ်ဦးတွင် ပြုလုပ်ကြသည်။

မြန်အောင်၌ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့်ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

လက်ပံတန်းမြို့ လောကဥသျှောင်စေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ရှိ လောကဥသျှောင်မြဘုန်းရောင် ဆုတောင်းပြည်စေတီတော်မြတ်ကြီးတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် ကြံသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ကြံခုတ်သိမ်းနည်းစနစ်မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  ကြံသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး ကြံခုတ်သိမ်းနည်းစနစ်မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်း‌ပေါ်ငယ်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီတော်တို့၌ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီတော်တို့၌ မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားများကို ယမန်နေ့ ညနေပိုင်းက အဆိုပါစေတီတော်များရှိ ဝန်းအတွင်း နေရာများ၌ ကျင်းပကြသည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်အခမ်းအနား ကျင်းပ

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ ၁၂၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ် ရန်ကုန်) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to