မူဆယ် မတ် ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၂ နာရီအချိန်က သင်တန်းတက်ရောက်နေသည့် သင်တန်းသား / သင်တန်းသူများထံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စီစဉ်ထုတ်ဝေခြင်းဖြစ်ပြီး၊ အမြို့မြို့အနယ်နယ်ရှိ ရုံးများသို့ဖြန့်ဝေပေးခဲ့ကာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်သည်။ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်စသည့်အချက်များပါဝင်ပြီး ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ (မူဆယ်)