ကြံခင်းမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကြံခင်း မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေးကြီးအတွင်းရှိ ဈေးရောင်း / ဈေးဝယ်ပြည်သူများ၊ လူနေရပ်ကွက်နေပြည်သူများ၊ ဆိုဒ်ကားဂိတ်များ၊ အဝေးပြေးယဉ်လိုင်းများနှင့် မြန်မာစီးပွားရေးဘဏ်တို့ကိုသွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ နှစ် (၈၀) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ်ချက်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏ စွမ်းရည်သုံးရပ်၊ အားသစ်စေကြောင်း ပြည့်သားကောင်း၊ တပ်မတော်၏ ဂုဏ်၊ ဒြပ်များအား ဖော်ကျူးရေးသားထားသည့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်းများ ကဏ္ဍပြည့်စုံစွာပါရှိကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)