မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီ က မင်းလှမြို့အဝင်တြိဂံလမ်းစုံ၌ ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကန်ကြီးရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေး လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကန်ကြီး ရပ်ကွက်သို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများ နေ့ အထိမ်းအမှတ် လယ်တွင်းသားစောချစ်ရေးသားသော "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အထက(ကြို့ပင်ကောက်) ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စေရန် အထက(ခွဲ) မောတောင်ကျောင်းအတွင်း သန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မောတောင်မြို့အထက(ခွဲ) ကျောင်းဆေးထိုးစုရပ်အတွင်း အသက်(၁၂) နှစ်နှင့်အထက် ဦးတည်အုပ်စုများဖြစ်သော ကျောင်းသူ၊ ကျောင်းသားများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၁) ဦး ထပ်မံဆေးရုံဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၁၁)ဦး ထပ်မံဆေးရုံ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ ဝါမျိုးစုံဧက(၂၃၇၅၇)ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီအတွင်း ဝါမျိုးစုံဧက(၂၃၇၅၇)ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံး မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်း က အမှတ်(၁၄)ရပ်ကွက်ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပခုက္ကူ)တွင် ယနေ့နံနက် ၈ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံ ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပသည်။
Subscribe to