ရှမ်းရွာသစ်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ရှမ်းရွာသစ် အောက်တိုဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အောက်တိုဘာလ()ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများ နေ့ အထိမ်းအမှတ် လယ်တွင်းသားစောချစ်ရေးသားသော "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်()နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ-၃ ဒေါ်ဇင်မိုးအေး က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ()ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းမှ ရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ် စာစောင်ချစ်မြတ်နိုး သူများအသင်းမှ စာပေဝါသနာရှင်များက လယ်တွင်းသားစောချစ်၏ "ပန်းလိုချင်အပင် ကိုပျိုးတတ်မှ "စာအုပ်တွင် နုနုနယ်နယ်ရင်သွေးငယ်ကလေးများကို ကျန်းမာပျော်ရွှင်စွာ သားကောင်းရတနာ သမီးကောင်း ရတနာလေးများဖြစ်အောင် ပြုစုပျိုးထောင်ရေးနှင့်ပတ်သက်၍ မိဘများ၊ ဆရာ/မများအဖို့ သိမှတ်ဖွယ်စာရေး သူ၏အတွေ့အကြုံ၊ အတွေးအခေါ်နှင့် သဘောထားများအကြောင်းကို အကျဉ်းချုပ်အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ် (ပြန်/ဆက်)