မြို့သစ် အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီအတွင်း ဝါမျိုးစုံဧက(၂၃၇၅၇)ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများ ရှိသော်လည်း အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် ရွှေတောင်(၁၀)နှင့် ငွေခြည် (၁၁)ဝါမျိုးကို အများအပြား စိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ (၁)ဧကလျှင် ဝါပိဿာချိန် ၆၀၀ခန့်နှင့် ဖြည့်စွက် ရေထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက ဝါပိဿာချိန် ၈၀၀ ခန့်အထိထွက်ရှိနိုင်ကာ စက်တင်ဘာလမှစ၍ ဝါများ ကောက်ယူ လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ယခုနှစ်ဝါစိုက်ပျိုးရာသီတွင် ဝါဧက(၂၃၄၅၉) ဧကစိုက်ပျိုးရန် လျာထားပြီး နည်းမျိုးစုံဖြင့် (၂၃၇၅၇)ဧက စိုက်ပျိုးပြီးစီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေ ဦးစီးဌာန ဝန်ထမ်းများ ကလည်း တောင်သူများ သီးနှံအထွက်နှုန်း တိုးပွားရေးအတွက် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး စိုက်ပျိုးပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)