သာစည် အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိရာ ယမန်နေ့က ဆေးထိုးစုရပ် ၅ နေရာ၌ လူဦးရေစုစုပေါင်း ၃၅၇၂ ဦး ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျွဲတပ်ဆုံကျေးရွာအုပ်စု ဆူးပုတ်ကန် အလယ်တန်း ကျောင်းခွဲတွင် ကျွဲတပ်ဆုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ၊ မယ်ဇလီကန် အထက်တန်းကျောင်းတွင် လှိုင်းတက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ၊ မရွေးကျေးရွာ အထက်တန်းကျောင်းခွဲတွင် မရွေးကျေးရွာအုပ်စု၊ ကုက္ကိုစု ကျေးရွာအုပ်စုနှင့် သနပ်ကန်ကျေးရွာအုပ်စုတို့မှ ပြည်သူများ၊ ကြက်မောက် ကျေးရွာ အထက်တန်း ကျောင်းခွဲတွင် ကြက်မောက်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာအုပ်စု၊ အပျောက်ကျေးရွာ အုပ်စု၊ ကွမ်းခြံရိုးကျေးရွာအုပ်စု၊ ညောင်တိုကျေးရွာအုပ်စုနှင့် သမန်းကန် ကျေးရွာအုပ်စုတို့မှ ပြည်သူများ၊ ပေါက်တောကျေးရွာ အထက်တန်းကျောင်းခွဲတွင် ပေါက်တောကျေးရွာအုပ်စု၊ ဆင်ဝင်ကျေးရွာအုပ်စုနှင့် အင်းရွာကျေးရွာအုပ်စုတို့မှ ပြည်သူများကို ထိုးနှံပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင် ဦးစိုးဝင်းအောင်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် Sinovac ဆေးလုံရေ ၁၃၆ လုံးကို ဆေးတစ်လုံးလျှင် လူနှစ်ဦးဖြင့် လူဦးရေ ၂၇၂ ဦး၊ Sinopharm ဆေးလုံးရေ ၆၆၀ လုံးကို ဆေးတစ်လုံးလျှင် လူငါးဦးဖြင့် လူဦးရေ ၃၃၀၀ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)