တနင်္သာရီမြို့နယ်တွင် ကိုဗစ်လူနာ (၁၀၆)ဦး ဆေးရုံမှဆင်း၊ လူနာသစ် (၁၃)ဦး ထပ်တိုး၍ ကုသဆဲ (၂၁၄)ဦးအထိ လျော့ကျလာ

တနင်္သာရီ အောက်တိုဘာ ၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ကုသရေး Centre နှင့် Positive Centre များအတွင်း ဆေးဝါးကုသမှုခံယူနေကြစဉ် ပြန်လည်သက်သာကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်သော ကိုဗစ်-၁၉ရောဂါ လူနာပေါင်း (၁၀၆)ဦးတို့အား ယမန်နေ့က  သက်ဆိုင်ရာတာဝန်ခံ ဆရာဝန်များက ဆေးရုံမှ ဆင်းခွင့်လက်မှတ်ထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး ၎င်းတို့၏ နေအိမ်တွင် အသွားအလာကန့်သတ်ကာ Home Quarntine အဖြစ် (၇)ရက် သီးခြားဆက်လက် နေထိုင်ကြရန်သတိပေးလမ်းညွှန်မှာကြားခဲ့ကြောင်း၊ လူနာသစ် (၁၃)ဦးထပ်တိုး၍ သေဆုံးသူ (မရှိ)သဖြင့် ကုသဆဲလူနာဦးရေမှာ ယမန်နေ့က (၃၀၇)ဦးရှိသည့်ရာမှ (၂၁၄)ဦးအထိလျော့ကျ လာပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံမှ သီးသန့်လူနာဆောင် (Isolation Ward) မှ ကိုဗစ်-၁၉ လူနာ(၂)ဦး၊  တကူတိုက်နယ်ဆေးရုံ (Isolation Ward)မှ (၁)ဦး၊  အထက-တနင်္သာရီ Positive Centre မှ (၄)ဦး၊ အလက(ခွဲ)သံတိုက်ကျောင်း Positive Centre မှ (၄)ဦး၊ အထက-ညောင်ပင် ကွင်း Positive Centre မှ (၁၂)ဦး၊ အထက-ပဝရွာ Positive Centre မှ (၈၃)ဦး၊စုစုပေါင်း (၁၀၆)ဦးတို့အား ဆေးရုံမှပြန်လည်ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အလားတူ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးနိုင်၏ အစီအမံဖြင့် မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံများနှင့်စစ်ဆေးရေးဂိတ်များတွင် ယမန်နေ့က ပြင်ပလူနာ (၃၈)ဦးအား ကိုဗစ်-၁၉ရောဂါ ရှိ/ မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးရာ လူနာသစ် (၁၃)ဦးတို့ တွင် ရောဂါပိုးအတည်ပြုတွေ့ရှိပြီး၊ သေဆုံးသူမရှိကြောင်း သိရသည်။

သို့ဖြစ်၍ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံမှ သီးသန့် လူနာဆောင်(Isolation Ward)တွင် ကိုဗစ်-၁၉လူနာ(၁၇)ဦး၊ တကူတိုက်နယ်ဆေးရုံ (Isolation Ward)တွင် (၃၉)ဦး၊ မောတောင် တိုက်နယ်ဆေးရုံ (Isolation Ward)တွင် (၂)ဦး၊ အထက(ခွဲ)သာရဘွင် Positive Centre တွင် (၂)ဦး၊ အထက-တနင်္သာရီ Positive Centre အတွင်း (၂၈)ဦး၊ အလက(ခွဲ)သံတိုက် Positive Centre တွင် (၃၃)ဦး၊  အထက-ညောင်ပင်ကွင်း Positive Centre တွင် (၆၀)ဦး၊ အထက-ပဝရွာ Positive Centre အတွင်း (၂)ဦးနှင့် မူလွန်-လယ်သစ်အရှေ့ Positive Centre တွင် (၃၁)ဦး၊ ကုသဆဲကိုဗစ်-၁၉လူနာပေါင်း (၂၁၄)ဦးအထိ ကျန်ရှိသေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း