ထားဝယ် အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာ များတွင် တာဝန်ထမ်းဆောင်ကြမည့်ပရဟိတအဖွဲ့အစည်းများနှင့်Quarantine Center များတွင်တာဝန် ထမ်းဆောင်နေသော လူငယ် Volunteerများအတွက် အဋ္ဌမအကြိမ် သင်တန်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ပရဟိတ အအဖွဲ့အစည်းများနှင့် Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသော Volunteer များအား သင်တန်းပေး ခြင်းသည်ယခုအကြိမ် အပါအဝင်(အဌမ)အကြိမ်ရှိပြီဖြစ်ပြီးသင်တန်းသား/သူ ၂၇၀ ကျော် သင်တန်းပေး ခဲ့ပြီးဖြစ်ကြောင်း၊မြိတ်နှင့်ကော့သောင်းခရိုင်များတွင်လည်း သင်တန်းဖွင့်လှစ်ပို့ချပေးနေပြီးဖြစ်ကြောင်း၊ သင်တန်းတွင်ဆေးဘက် ဆိုင်ရာနှင့်ပရဟိတလုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများကသင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ပရဟိတလုပ်ငန်းလုပ်ကို်င်သည့်အတွက်အချိန်အခါမရွေး၊လူမျိုး ဘာသာမရွေးသွားလာ လှုပ်ရှားမှာဖြစ်သောကြောင့်တွေ့ကြုံရသော အခက်အခဲများရှိနိုင်ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက်သင်ကြားပို့ချပေးမှာဖြစ်သည့်အတွက်သေချာစွာလိုက်နာမှတ်သားပြီး သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။
သင်တန်းတွင်တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀)ဦးအား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုဘာသာ ရပ်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိသင်ကြားပို့ချပေးမှာဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)