ချောက်မြို့နယ်အတွင်း အသက်(၁၂‌‌)နှစ်ပြည့်ပြီးသော အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ 

ချောက်    အောက်တိုဘာ ၃

မကွေးတိုင်း‌ဒေသကြီး‌၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း အသက်(၁၂‌‌)နှစ်ပြည့်ပြီးသော အခြေခံ ပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း အချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အရ ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု မြင့်မားရေးကို အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းတွင် ပညာသင်ယူနေသည့် အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား/ ကျောင်းသူများသည်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖွဲ့စည်းဆောင်ရွက်သွားမည့်အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထိုနောက်ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့် က နိုင်ငံတော်အစိုးရမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ ကျောင်းများတွင် ပညာသင်ယူနေသော အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စီစစ်ရေးကတ်များ စနစ်တကျ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေး‌နွေးခဲ့သည်။

ဆက်လက်၍ ချောက်မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးသက်ဦးက ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြို့နယ်ပညာရေးမှူ ‌‌ဒေါ်ခင်လေးဖြူက သတ်မှတ်ထားသည့်ကျောင်းများအလိုက် ကာကွယ်ဆေး ထိုးနှံ ပေးရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ချောက်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၁၅၃၈)ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၃၇၃)ဦး၊ စုစုပေါင်း (၁၉၁၁)ဦးအား စုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆေးထိုးအုပ်စု (၉)ဖွဲ့ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

မချို (ချောက်)