သင်္ဃန်းကျွန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

သင်္ဃန်းကျွန်း  အောက်တိုဘာ  ၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ်လ.ဝ.ကဦးစီမှူးဦးရဲထွန်းနှင့် ဝန်ထမ်းများက ကြီးပွားရေး ရပ်ကွက်၊ နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံတွင် အောက်တိုဘာ ၁ ရက်နေ့မှ ယနေ့ထိကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအားဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါရပ်ကွက်တွင် အောက်တိုဘာ ၁ ရက်နေ့မှ ယနေ့အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၈)ဦး ၊အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၉)ဦး၊ စုစုပေါင်း (၁၁၇) ဦးကို နေ့ချင်းပြီးဆောင်ရွက် ပေးရာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးနှင့် မြို့နယ်လ.ဝ.ကဉီးစီးမှူးဦးရဲထွန်း တို့က လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)