ရသေ့တောင် အောက်တိုဘာ ၄
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁)ဦးအား ထပ်မံစစ်ဆေး တွေ့ရှိခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း(၈၆)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာမှာ ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာမှ အသက်(၈၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများဖြင့် မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး RDT ဖြင့် စစ်ဆေးချက်အရ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကိုဗစ်-၁၉ သီးသန့် စင်တာတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ရသေ့တောင်မြို့နယ်တွင် အောက်တိုဘာ ၃ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း(၈၆) ဦးရှိသည့်အနက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းခွင့်ရသူ(၆၈)ဦး၊ သေဆုံး(၁၄)ဦး၊ ဆေးကုသမှု ခံယူဆဲ(၃)ဦးနှင့် စစ်တွေပြည်သူ့ဆေးရုံသို့ လွှဲပြောင်း(၁)ဦးဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနက သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)