ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းနှင့် ဝန်ထမ်းများ က မြို့နယ်အတွင်းရှိ (၉၄)ရပ်ကွက်နှင့် (၈၉)ရပ်ကွက်များသို့ သွားရောက်ကွင်းဆင်း၍ ယမန်နေ့ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့်စာရွက် စာတမ်း များ၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စုစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်လျက် အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသအိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသကိုင်ဆောင် လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းကို လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းမှ ရှင်းလင်းပြောကြားခဲ့ပြီး (၉၄)ရပ်ကွက်အတွင်းရှိ ၃ က -ကျား(၇)ဦး၊ မ(၁)ဦး စုစုပေါင်း (၈)ဦး၊ ၆က-ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦးနှင့် (၈၉)ရပ်ကွက်တွင် ၃က - မ(၁၂)ဦး၊ ကျား(၆)ဦး စုစုပေါင်း(၁၈)ဦး၊ ၆က -ကျား(၇)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၂၁) ဦးနှင့် အသစ်လဲလှယ် မ(၃)ဦးတို့ကို ပြုလုပ်ပေးခဲ့ပြီး ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများအတွက် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း မှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး မိမိသိလိုသည့် အကြောင်းအရာများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
လဲ့လဲ့(IPRD)