ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများလိုက်နာ ဆောင်ရွက် ရမည့်အချက်များအား လိုက်လံအသိပေးနှိုးဆော်

 

ပိုင်ကျုံ   အောက်တိုဘာ     ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကိုယနေ့နံနက်(၇)နာရီအချိန်တွင်မြို့ပေါ်ရပ်ကွက်များတွင် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။    

ထိုသို့အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကိုဗစ်၁၉ရောဂါကြိုတင်   ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့်  ကူးစက် ပြန့်ပွားမှု လျှော့နည်းစေမည့် နည်းလမ်းများကို ကျေးလက်နေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍   မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး    အိမ်တွင်း၌သာ နေထိုင်ပါ၊    သို့မှာသာရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို   ထိထိရောက်ရောက်      ကာကွယ်နိုင်မှာဖြစ်ပါသည်။     ပြင်ပမှလာသော ဧည့်သည်များ      လက်မခံကြပါရန်နှင့်မိမိတို့ ကလည်း အခြားသူများထံသွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊  အခြားသူများနှင့်ခပ်ခွာခွာနေပါ၊    ပါးစပ်နှင့် နှာခေါင်းစည်း   မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊  စကားပြောခြင်း၊  ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊  လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊   အရာဝတ္တူတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း   လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင်   စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်း မပြုဘဲပါးစပ် နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊    လေဝင်လေထွက်မကောင်းသော  အခန်းများသွားလာခြင်းမှ ရှောင်ပါ၊  သက်ကြီးရွယ်အိုများနှင့် ဆီးချို၊   သွေးတိုးနှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင် ပါသည်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍   မပျက်မကွက် စစ်ဆေးကုသမှု  ခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက်   အကောင်းဆုံးဖြစ်၍   ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊  ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး   နည်းလမ်းများကို   ဆက်လက်လိုက်နာပါစသည့်   ဆောင်ရန်/ရှောင်ရန်  အချက်များအားလိုက်လံ အသိပေးနှိုးဆော် ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)