ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးမည့်နေရာပြောင်းလဲမှုအား အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး

ညောင်ဦး  အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့်နေရာ ပြောင်းလဲ ထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ညနေ ၃ နာရီအချိန်နှင့် ယနေ့ နံနက် ၆ နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့်နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများအသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံ အသိပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာခန်းမတွင်ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံဝေဇယန္တာ ဗိမ္မာန်တော်ကြီးတွင် ပြည်သူများ အလွယ်တကူထိုးနှံနိုင်ကြရန် ရွေ့ပြောင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိက အလေးထား ဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့ နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၅၉ နှစ်၊ အသက် ၆၀ နှစ်မှ အသက် ၆၉ နှစ်နှင့်အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား လည်းကောင်း၊ ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးထိုးရန် ကျန်ရှိသူများ အားလည်းကောင်း၊ ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာတန်ဆောင်း၊ ပုဂံ အထက၊ တောင်ဇင်းအထက၊ ငါ့သရောက်တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများသိရှိနိုင်စေရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံကသိရသည်။

ကိုထိန်၊KPD