လမိုင်း အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းလျော့နည်း ကျဆင်းစေရန်နှင့် ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၅၅နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးစတင် ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် အသက် ၅၅နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးလျက်ရှိရာ လူစု၊လူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များအတိုင်း စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးစုရပ်များမှာ အထကလမိုင်း (မြို့မ(၁)ရပ်ကွက်၊ နှစ်ကရင်ဆေးပေးခန်း၊ မော့ကနင်ဘုန်းကြီးကျောင်းနှင့် သောင်ပြင်၊ တောင်ဘုံဘုန်းကြီးကျောင်း ဓမ္မာရုံတို့တွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လမိုင်း