နောင်မွန်းမြို့နယ်၌ ဆင်းကရီ-၃စပါးမျိုးနှင့် မိုးစပါးဒေသမျိုး မျိုးကွဲပယ်ခြင်းလုပ်ငန်းကွင်းဆင်:ဆောင်ရွက်

နောင်မွန်      အောက်တိုဘာ    ၁၅

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မိုးစပါးရိတ်သိမ်းချိန်တွင် မျိုးကောင်းမျိုးသန့် စပါးများထွက်ပေါ်လာစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မျိုးကွဲ ပယ်ခြင်းလုပ်ငန်းကို ယနေနံနက် ၁၀နာရီတွင် မြို့မ(၂)ရပ်ကွက်ရှိမြို့မ(တောင်)ကွင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့မျိုးကွဲပယ်ခြင်းလုပ်ငန်းများကို စပါးပင်ပွားချိန်၊ စပါးပန်းပွင့်ချိန်နှင့် စပါးရင့်မှည့်ချိန် များတွင်ဆောင် ရွက်ကြရပြီး လက်ရှိမျိုးစပါးပန်းပွင့်ချိန်တွင် မြို့မ(တောင်)ကွင်းအတွင်းတွင် ခေတ်မီသိပ္ပံနည်းကျစိုက်ပျိုးစနစ် (GAP)ဖြင့်စိုက်ပျိုးထားသော တောင်သူဦးနေလင်းအောင်၏ လယ်ဧက(၂)ဧက ပေါ်မှဆင်းဧကရီ-၃နှင့် မိုးစပါးဒေသမျိုးများကိုမျိုးကွဲပယ်ခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး မျိုးကောင်းမျိုးသန့်ရရှိစေရေးအတွက် တောင်သူ များအားအသိပညာ ပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်