စစ်ကိုင်း ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်း က စစ်ကိုင်းပညာရေး တက္က္ကသိုလ် ဘွဲ့နှင်သဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဆင့်မြှင့်ပညာ/ အခြေခံပညာ ဆရာ/ ဆရာမများ ဘာသာရပ်ဆိုင်ရာသင်တန်းနှင့် စီမံခန့်ခွဲရေး စွမ်းရည်မြှင့်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆင့်မြှင့်ပညာ/ အခြေခံပညာ ဆရာ/ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းနှင့် စီမံခန့်ခွဲရေး စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို နံနက်(၁၀)နာရီက စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လည်းကောင်း၊ နံနက်(၁၁)နာရီတွင် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင်လည်းကောင်း ကျင်းပပြုလုပ်ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး က အမှာစကားပြောကြားရာ နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆရာ/ ဆရာမများ၏ အခန်းကဏ္ဍသည်အရေးကြီး ပါကြောင်း၊ ယခုသင်တန်းက ပို့ချပေးလိုက်သည့် ပညာရပ်တွေကို မိမိတို့တာဝန်ကျရာဒေသများတွင် ဆရာ/ ဆရာမကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ဆရာ/ ဆရာမများသည် ထာဝရကျောင်းသားဖြစ်သည်နှင့်အညီ မျိုးဆက်သစ်လူငယ်လေးများ၏ လိုအပ်ချက်တွေကို သုတေသနပြုလုပ်ဆောင်ရွက်သွားကြပါ ဆရာ/ ဆရာမများအနေဖြင့် သင်ကြားရေးကဏ္ဍများတွင် မဟုတ်ဘဲ စီမံခန်းခွဲရေးပညာရပ်တွေကို သင်ကြားပေးလိုက်ပြီ ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးတို့က အမှာစကားများ ပြောကြားပေးကြပြီး နည်းပြ ဆရာ/ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်