မန်တုံ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့နံနက် ပိုင်းအချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များတွင် ပြည်သူများအနေဖြင့် အတတ် နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင် မကြာ ခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ် သည့်ဆိုင်များ တွင်စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ် သူများနှင့် တွေ့ဆုံပါက စကားပြောခြင်းမပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း Maskနှာခေါင်းစည်း များကို စနစ်တကျစွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Maskများအား ထပ်မံအသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှင့်နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ် ခြင်းနှင့် ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးဘဲ အိမ် သားများနှင့်အနီးကပ်မထိတွေ့ကြရန်၊လေ၀င်လေထွက်မကောင်းသောအခန်းများ၊ ပြူတင်း တံခါးများဖွင့်ပြီး လေ၀င်လေထွက်ရရှိအောင်ဆောင်ရွက်ထားကြရန်၊ မိမိတို့ပတ်၀န်းကျင်၌ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေ ရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှုခံယူရန်နှင့် ကိုဗစ် (၁၉)ရောဂါကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးကြပါရန် HandSpeakerဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
ထိုသို့ ကျန်းမာရေးအသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံ နေရာများ၊ အိမ်ခြေထူထပ်သောနေရာများသို့ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
မန်တုံ( ပြန်/ဆက်)