နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။