မန်တုံ ဒီဇင်ဘာလ ၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ကာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား (SINOPHARM) ဒုတိယသုတ် (Second Dose)ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များက လို အပ်သည့် နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများက စနစ် တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူ ချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းဇယား မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး စေတနာ/ပရဟိတဝန်ထမ်းများ(၃)ဦး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ (၅)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ (၄)ဦး၊ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင်ဝန်ထမ်းများ(၁)ဦး၊ရွှေ့ပြောင်းလူအုပ်စုများနှင့်ယာယီစခန်းများ(၁)ဦး၊စုစုပေါင်း(၁၄)ဦးအား ထိုးနှံပေးခဲ့ကြပြီးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် နားနေစေကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မန်တုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ အနေဖြင့် ဦးစားပေးအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ (SINOPHARM)ဒုတိယသုတ် (Second Dose)ကို၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ထိ စေတနာ/ပရဟိတဝန်ထမ်း(၂၁)ဦး၊ ဘုန်းကြီး/သီလရှင်ကျောင်းနှင့်သာသနာ့ဝန်ထမ်းများ(၂)ဦး၊ နိုင်ငံဝန်ထမ်း(၄၁)ဦး၊ ပုဂ္ဂလိကအလုပ်ရုံ/ စက်ရုံဝန်ထမ်းများ(၂၄)ဦး၊ ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ(၂၀)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၂၅၂)ဦး၊ လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်ဝန်ထမ်းများ (၈၉)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီ စခန်းများ(၁၅)ဦး၊ မှီခို(၁၉)၊ စုစုပေါင်း(၄၈၃)ဦးတို့ကိုထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံ( ပြန်/ဆက် )