ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမ အသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့ နံနက် ၉နာရီမှစ၍ မြို့မဇုံမှ (-)ဦး၊ မြို့သာဇုံမှ (၁ဝ)ဦး၊ ငါန်းမြာဇုံမှ (-)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၅)ဦး၊ သားကျင်ဇုံမှ (၈)ဦး၊ ဂျိုဇုံမှ (-)ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလားရွာဇုံမှ (-)ဦး ၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ စုစုပေါင်း(၃၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများက ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ မြို့နယ်အတွင်းမှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ(၂၁၅)ဦး ထိုးနှံပြီးကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)