လောင်းလုံး ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မြို့နယ် အားကစားသမားများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ အားကစားနှင့်ကာယဝန်ကြီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား (ဖိတ်ခေါ်) စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်း အနားကို လောင်းလုံးမြို့နယ် ၊ တောရှည်ကျေးရွာ၊ အ-မ-က ကျောင်းခန်းမ၌ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ အသက် (၁၈)နှစ်အောက် (ဖိတ်ခေါ်) စစ်တုရင်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ကို မြို့နယ်စီမံအဖွဲ့ဝင် ဦးဇော်ငြိမ်းအား လည်းကောင်း၊ အသက် (၂၅) နှစ်အောက် (ဖိတ်ခေါ်) စစ်တုရင် ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးရဲမင်းထွန်းအားလည်းကောင်း၊ အမျိုးသမီး (အလွတ်တန်း) ဆုရရှိ သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးအောင်းထိုက်အားလည်းကောင်း ဆုများအသီးသီးကို ဆုတံဆိပ်နှင့် ငွေသားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲမင်းထွန်း၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဇော်ငြိမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲဝင်များ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)