ကျိုင်းတုံ ဒီဇင်ဘာ ၁၀
ကျိုင်းတုံတက္ကသိုလ်၌ ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ သစ်လွင်များ မွန်းမံသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ကျိုင်းတုံတက္ကသိုလ် ခေမရဌ် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာ၊ ကျိုင်းတုံ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ နုနုအေး၊ သင်တန်းနည်းပြ ဆရာ၊ဆရာမ များ၊ သင်တန်းဆင်း ဆရာ၊ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ပါမောက္ခချုပ်က ကျိုင်းတုံတက္ကသိုလ်နှင့် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်တို့မှ သင်တန်းနည်းပြ ဆရာ၊ဆရာမကြီး များအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ပြီး ဆရာ၊ဆရာမ သစ်လွင်များကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။ ထို့နောက် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမသစ်လွင်များကိုယ်စား ဆရာမ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
သင်တန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်က စတင်ခဲ့ပြီး ကျိုင်းတုံတက္ကသိုလ်၌ ခန့်အပ်သည့် ဘာသာရပ်အလိုက် နည်းပြ၊သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင် (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်နိုင် (ကျိုင်းတုံ)