တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

တိုက်ကြီး ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ဇွန် ၂၀ ရက် နံနက်ပိုင်းက တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(ရေစက်တောင်)၌ ကျောင်းသားကျောင်းသူ(၅၇)ဦး၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ကျောက်တောင်)၌ ကျောင်းသားကျောင်းသူ(၈၁)ဦး၊ အခြေခံပညာမူလတန်းကျောင်း(နှင်းဆီမြိုင်)၌ ကျောင်းသား၊ ကျောင်းသူ(၁၁၆)ဦး၊ အခြေခံပညာမူလတန်းကျောင်း(အုန်းနှဲပင်)၌ ကျောင်းသား၊ ကျောင်းသူ(၄၉)ဦးနှင့် အခြေခံပညာမူလတန်းကျောင်း(လိပ်ကြည်)၌ ကျောင်းသား၊ ကျောင်းသူ (၅၅)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၃၅၈)ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       

အလားတူ ဇွန် ၂၁ ရက် နံနက်ပိုင်းက တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့မ-၄)၌လည်း အသက် ၅ နှစ် မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၃၆၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)