ဗိုလ်တထောင် ဇွန် ၂၁
ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁ဝး၀၀)နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောမှုကို အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ဆန်းညွှန့်ဦး ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို လက်တွေ့သရုပ်ဆောင်ပြ၍လည်းကောင်း၊ ပရိုဂျက်တာဖြင့်ရှင်း လင်း၍ လည်းကောင်း၊ ဟောပြောခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်မှ ရှောင်ရှားနိုင်မည်ပြီး ဟောပြောပွဲသို့ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရှိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)