မက်မန်း ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့က အ.ထ.က မက်မန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနာကို တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများက မြတ်ဆရာ သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆုများပေးအပ်ရာပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးတင်အေးမှ ဘောဂဗေဒဂုဏ်ထူးရ ကျောင်းသား/သူ ၆ ဦးအား ဦးတင်အေးကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်းမှ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး၊ဆက်လက်၍ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ် တပ်မှူးစိုင်းယီမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ(၂၀)ဦးနှင့် အ.ထ.ကမက်မန်းကျောင်းရှိ ဆရာ/ဆရာမ(၂၂)ဦးအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး၊ ခရိုင်မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်မှု အဖွဲ့ဉက္ကဌဒေါ်ညိုမှ ဘောဂဗေဒဂုဏ်ထူးရရှိအောင် သင်ကြားခဲ့သော ဆရာမဒေါ်မို့မို့ဝင်းအားဂုဏ်ပြု ဆုများပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ဧကာဒသမတန်းကျောင်းသူလေးများက “ဝ” ရိုးရာအက၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူလေးများက “လားဟူ” ရိုးရာအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)