ပလောက် ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မိုးရာသီကာလအတွင်း မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေဝပ်တင်ကျန်မှုမရှိစေရေးအတွက် ကျောက်စီရေနှုတ်မြောင်းတူး ဖော်ရန်အတွက် ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးကိုကို၊ ပလောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ မြို့စည်ပင်သာယာရေးအဖွဲ့ မြို့ဦးစီးမှူး ဦးသွင်စည်သူကျော်ထွေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့တာဝန်ခံဦးစံရ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် မြို့မိမြို့ဖများ ပူးပေါင်းပါဝင်ကြပြီး ကျောက်စီရေနှုတ်မြောင်းဖောက်လုပ်ရာတွင် ပါဝင်နေသည့် ဓာတ်တိုင်များကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်လည်းကောင်း၊ ဓာတ်တိုင်နှင့်မလွတ်ကင်းသည့် အိမ်ပိုင်ရှင်များအားညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘုရာကြီးလမ်းသည်မြေနိမ့်ပိုင်းဖြစ်သောကြောင့် မိုးရာသီကာလအတွင်း ရေဝပ်တင်ကျန်မှုမရှိစေရန်နှင့် ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ ရာသီအချိန်မရွေး သွားလာရလွယ်ကူစေရန်အတွက် လမ်းဘေးကျောက်စီရေနှုတ်မြောင်း အရှည် ၁၅၅၁ပေ ၊ ၂ပေအကျယ်၊ ၂ပေအနက် (၁၅၃၃'x၂'x၂') ကို တိုင်းဒေသကြီးရန်ပုံငွေ (ဘတ်ဂျက်) ကိုအသုံးပြု၍ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ စည်ပင်သာယာရေးအဖွဲ့ မြို့ဦးစီးမှူးထံမှ သိရသည်။
နှင်းမြူလွင် (ပလောက်)